နာဂဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအ‌ထောက်အကူပြုသင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

လဟယ် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ကာ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားပြီး နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒေသရွေးကောက်ပွဲအရာရှိ ဒေါ်သန်းသန်း၀င်းက (MEVM)စက်ကိုင်တွယ်အသုံးပြုပုံ၊ မဲပေးပုံနည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်သက်ထူး နှင့်အဖွဲ့၀င်များ ဒေသ/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသ/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ မြန်မာအီလက်ထရောနစ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းနည်းပြဆရာ (၂) ဦးနှင့် သင်တန်းသားသင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)