သုံးခွ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့မရေလည်ကျောင်း ဦးစီးဗဓာန နာယက ဒေါက်တာနန္ဒါလင်္ကာရကထံမှ တက်ရောက်လာသူများမှ သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားနားကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် အဖွဲ့ဝင်များက ဝါဆို သင်္ကန်းနှင့် လှူဒါန်းဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)