လပွတ္တာ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြန်မာအီလတ်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲထက်စိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့ စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ စုစုပေါင်း သင်တန်းသား (၁၁၁၇) ဦးအား သင်တန်းနည်းပြ ဆရာ(၁၄)ဦးတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း