အုတ်တွင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက လက်စွပ်ကျကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဘားအံမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်း အဖွဲ့တို့ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူ  လူငယ်လေးများ အသိပညာဗဟုသုတ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မေလ (၁၀)ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊  တော်ပုံအင်ကြင်းဖိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ တီဘီရောဂါကွင်းဆင်း ရှာဖွေကုသ‌ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါကွင်းဆင်းရှာဖွေ ကုသမှုဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ယနေ့က တာကော်ကျေးရွာအုပ်စု၊ ဟွေဟင်(၇)မိုင်ကျေးရွာ၊ စာသင်ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသ၌ လိုင်ချီးသီး လှိုင်လှိုင်ပေါ်ချိန် စျေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော လိုင်ချီးပင်များကို စားသုံးရန်နှင့် ရောင်းချရန်အတွက် စိုက်ပျိုးထားကြရာ လိုင်ချီးသီးလှိုင်လှိုင်ပေါ်ချိန် ခူးဆွတ်ရောင်းချလျက်ရှိသည်။

တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်မှဦးဆောင်၍ ခရိုင်အဆင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ)(အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ) (အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာရေးဆရာမခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
Subscribe to