စလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေး ငွေ(၃၇၈)သိန်းအား ပုထိုးဖြူရပ်ကွက်မှ တောင်သူ(၄၀)ဦးအား စတင်ထုတ်ချေးပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား လယ်ယာလုပ်ငန်းသုံးသွင်းအားစုများ ကြိုတင်ဝယ်ယူ အသုံးပြုနိုင်ရန်ကြစေရန်အတွက် မိုးသီးနှံစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။