မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင် ချေးငွေများပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေလ (၁၅) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၂၆) ရက်နေ့အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် (၃)ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း (၃)စုံထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း(၃)စုံထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်တွင် (၅)ရက်တိုင်တိုင် ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ (၅)ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ အောင်နိုင်တိုးမျိုး မိုးစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ဝမ်ဟွန်းကျေးရွာတွင် တောင်သူခုနစ်ဦးမှ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အောင်နိုင်တိုးမျိုး မိုးစပါးကို ခုနစ်ဧက စမ်းသပ်စိုက်ပျိုးရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မုန်တိုင်းမိ၍မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ဦးစီးဌာနရုံးမှ မုန်တိုင်းမိ၍ မျောပါလာသော ကျားဖောင်လုပ်သား(၁၅)ဦးအား စားစရိတ်နှင့်နေရပ်ပြန်စရိတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အ.ထ.ကကျောက်ရေတွင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က ကျောက်ရေတွင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေဆွေးများ ဖြင့် EM ဘိုကာရှီမြေဆွေးပြုလုပ် နည်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအားမှော်ဘီမြို့နယ် ကံကုန်းကျေးရွာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်တာဝန်ရှိဝန်ထမ်းများက ကွန်ကရစ်ခင်းခြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နေရာသို့သွားရောက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ ဌာနဆိုင်ရာရုံးများ လူနေအိမ်များရှိ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့စက်တင်ဘာလ(၂၅)ရက် နံနက်ပိုင်းက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to