လိပ်သို မေ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော လိုင်ချီးပင်များကို စားသုံးရန်နှင့် ရောင်းချရန်အတွက် စိုက်ပျိုးထားကြရာ လိုင်ချီးသီးလှိုင်လှိုင်ပေါ်ချိန် ခူးဆွတ်ရောင်းချလျက်ရှိသည်။
ဒေသတွင်းရှိ ကျေးရွာအများအပြားမှ လိုင်ချီးသီးများ ထွက်ရှိရာ ခူးယူရောင်းချရာ၌ ပေါ်ဉီးပေါ်ဖျားအချိန်တွင် လိုင်ချီးသီး တစ်စီးလျှင် ကျပ် (၁၀၀၀၀) မှ (၁၂၀၀၀) ထိ စျေးရရှိခဲ့ပြီး ယခု လိုင်ချီးသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်စီးလျှင် ကျပ် (၄၀၀၀) သာ စျေးရရှိကြောင်း၊ ဒေသထွက် လိုင်ချီးသီးများကို ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လိုင်ချီးပင်များအပြင် ကွမ်း၊ ဒူးရင်း၊ မင်းကွတ်၊ မရမ်း၊ သရက် စသောနှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိကြကြောင်း သိရသည်။
နော်ဖလောရင်း