ကျောက်ဆည်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ)(အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲကျင်းပ

ကျောက်ဆည် မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ) (အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာမေးပွဲ၌ မြန်မာစာဘာသာရပ်တွင် (၃၄) ဦး၊ အင်္ဂလိပ်ဘာသာရပ်တွင် (၃၄) ဦး၊ သင်္ချာဘာသာရပ်တွင် (၄၃) ဦး၊ ဓာတုဗေဒဘာသာရပ်တွင် (၁၈) ဦး၊ ရူပဗေဒဘာသာရပ်တွင် (၁၇)ဦး၊ ဇီဝဗေဒဘာသာရပ်တွင် (၂၇)ဦး၊ ပထဝီဝင် ဘာသာရပ်တွင် (၂၃) ဦး၊ သမိုင်းဘာသာရပ်တွင် (၇)ဦး၊ ဘောဂဗေဒဘာသာရပ်တွင် (၄) ဦး၊ စုစုပေါင်း ဖြေဆိုစာရင်းရှိ (၂၀၇) ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဦးစီကော်မတီ၊ ဝင်ခွင့်စာမေးပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီ၊ ဝင်ခွင့် လျှောက်လွှာ စိစစ်ရေးအဖွဲ့၊ ရေးဖြေစာမေးပွဲ ကျင်းပရေးကော်မတီ စသည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)