ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ခရမ်း မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာရေးဆရာမခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်လှမြတ်ထက်က “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်သည် လူတိုင်းကျန်းမာပျော်ရွှင်နေစေရန်အတွက် ကျန်းမာရေးအထောက်အကူဖြစ်စေသည့်အရာများ၊ တိုးတက်အောင်မြင်သော ဘဝရရှိစေရေးအတွက် ကြိုးစားသင်ယူသင့်ကြောင်း၊ ဘဝဟူသည် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည့်အတွက် အရာရာကို ရဲ၀ံ့တက်ကြွစွာလုပ်ဆောင်သင့်ကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင် မအေးမြဖြူက လူမှုနယ်ပယ်တွင် အောင်မြင်တိုးတက်ရေးအတွက် စကားပြောဆိုဆက်ဆံတတ်စေရေးသည် အလွန်အရေးပါကြောင်း၊ လူကြီးမိဘများကိုလိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံသင့်ကြောင်းနှင့် လူငယ်များသည် အရာရာကို တက်ကြွရွှင်လန်းစွာ ပါဝင်လုပ်ဆောင်သင့်ကြောင်း စသည့်အချက်များအား ထည့်သွင်းရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်နှင်းဝေ