ကလေး ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင် ကျောင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲနှင့်ပတ်သက်သည့် ကလေးသူငယ်များ၏ အသက်နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ လုပ်ဆောင်နေကြရသည့် လုပ်ငန်းအမျိုးအစားများကို အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)