ဇလွန် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန် အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်က မြစ်ရေဝင်ရောက်လေ့ရှိသည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှပေးအပ်သော တိရစ္ဆာန်အစာနုအိတ်( ၃၀) ကို မြစ်ရေဝင်ရောက်လေ့ရှိသည့် အထွဋ်၊ ဖားလက်ခို၊ရေလဲ ကျေးရွာအုပ်စုများသို့ အသီးသီးပေးအပ်ခဲ့ကြသည်။
ဝေယံ - ဇလွန်