ပန်းတနော် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ယမန်နေ့နံနက်ပိုင်းက ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် အသိပေးကြေညာသည့် ဗီနိုင်းများချိတ်ဆွဲထားရှိမှုတို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်ပြီး "နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ" ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ချိတ်ဆွဲထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)