ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့်ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ဇလွန် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ညောင်ပင်စျေးရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ယင်းသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်ဆင်းသုခဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ် နှုန်းဖြင့် (၂၀၀) ပြည်၊ ဆီငါးဆယ်ကျပ်သား တစ်ဘူးလျှင် (၃၄၀၀) ကျပ်နှုန်း​ဖြင့် ( ၁၁၀) ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၃၃၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၁၀၀၀)ကို ရောင်းချပေးခဲ့ပြီး ယင်းသို့ရောင်းချပေးနေမှုအား မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ - ဇလွန်