ငပုတောမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုတော ဇူလိုင် ၁၅

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူးက ၂၀၂၆-၂၀၂၇ စီမံကိန်းမူကြမ်းရေးဆွဲထားရှိမှုအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ဦးစားပေးအဆင့်အလိုက် လျာထားတင်ပြထားသည့် ဌာနဆိုင်ရာများမှတစ်ဦးချင်း ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက နိဂုံးချုပ်‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ