ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ ပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​​​​​​​ခမောက်ကြီးမြို့၌ ကျောင်းသား/ကျောင်းသူများအား (၇၈) နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား (၇၈) နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ‌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မင်းလှမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်များကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်တို့အား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်တလုံး‌ ကျောင်းတိုက်နှင့် ဒီပင်္ခရာကျောင်းတိုက်တို့တွင်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကြောင်းပန်းကျောင်းတိုက်နှင့် နိ‌‌ဗ္ဗိန္ဒကျောင်းတိုက်တို့တွင်‌‌လည်း‌ကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေးမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြော

ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က - ခွဲ (အဏ္ဏဝါ)၊ အ.လ.က(၂)နှင့် အ.လ.က(၃)တို့တွင် ဆောင်ရွက်ပေးသည်။

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စစ်တုရင်းနှင့်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ခရိုင်/မြို့နယ် စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝမ်တပ်ကျေးရွာ၌ ကျင်းပသည်။
Subscribe to