မင်းလှမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ညွှန်ကြားချက်များအား ရှင်းလင်းဖတ်ကြားခြင်း၊ အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအားရှင်းလင်းပြောကြားပြီး မြို့နယ်အဂတိလိုက်စားမှုတာဆီး ကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိကိုယ်စား ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်သူမြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာဥပဒေကိစ္စရပ်များနှင့် ဝန်ထမ်းတိုင်းအမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာပြီး အဂတိကင်းစင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာအောင် စီမံခန့်ခွဲသူများကလိုက်နာ၍ ပြည်သူ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ဦးစီးဌာနမှူး ဦးမျိုးအောင်က အခွန်(၆)မျိုးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)