ရေးမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြော

ရေး ဇူလိုင် ၁

ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က - ခွဲ (အဏ္ဏဝါ)၊ အ.လ.က(၂)နှင့် အ.လ.က(၃)တို့တွင် ဆောင်ရွက်ပေးသည်။

ဟောပြောပွဲတွင် ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူ ဝင်းက(၇၈)နှစ်ရှိခဲ့ပြီးဖြစ်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီး ကိုးဦးတို့၏ အတ္ထုပတ္တိများ၊ ယနေ့အချိန်ထိ မြန်မာတစ်မျိုးသားလုံးအတွက် မမေ့သင့်မမေ့ထိုက်သော နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်းနှင့် ကျောင်းစာသင်ကြား သင်ယူမှုအပြင် ပြင်ပစာပေဗဟုသုတကြွယ်ဝစေရေး စာအုပ်စာပေများ လေ့လာဖတ်ရှုကြစေလိုကြောင်းတို့ကို ထည့်သွင်းဟောပြောပေးသည်။

ထို့နောက် ဟောပြောပေးသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးပြီး (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်နှင့် အခြားဗဟုသုတဖြစ်ဖွယ်နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)