ရေနံချောင်းမြို့နယ်၌ ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် တာဝန်ရှိသူများက ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာမှ ကမ်းပြိုဘေးအန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြသည့် အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စုဝင်(၅၁)ဦး တို့အတွက် ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း ၁၂၅၅၀၀၀ ကျပ်ကို ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်