မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်များကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

မော်လိုက် ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ သံဃာတော်အရှင်သူမြတ်တို့အား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်တလုံး‌ ကျောင်းတိုက်နှင့် ဒီပင်္ခရာကျောင်းတိုက်တို့တွင်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကြောင်းပန်းကျောင်းတိုက်နှင့် နိ‌‌ဗ္ဗိန္ဒကျောင်းတိုက်တို့တွင်‌‌လည်း‌ကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွက် ဆီးချိုသွေးချို စမ်းသပ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပေးခြင်းနှင့် ဆေးများဆက်ကပ်ခြင်းများစသည့် ကျန်းမာရေးစောင့်ရှာက်မှု‌များကို ဒေါက်တာကျော်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများက ပြုလုပ်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးတို့က လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လည့်လည်ကြည့်ရှုပူ‌ဇော်ခဲ့ကြောင်း သိရသည်။

ကိုထက်