ရွှေဘို ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း ဘူတာ(က)နှင့် ဘူတာ(ခ)ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းဈေးဆိုင်နှင့် အစားအစာများအားစစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်ဖြည့်သွင်းခြင်း စသည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)