မြောက်ဥက္ကလာပ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၉ နာရီက စက်မှုဇုန်များတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို အမှတ် (၅) ရန်ကုန် အင်းစိန်လမ်း၊ (၁၆) ရပ်ကွက်၊ လှိုင်မြို့နယ်ရှိ မိုးသောက် ရေသန့်စက်ရုံ ၊ အမှတ် (၁၈/၅/အေ)အင်း၀လမ်း၊ ရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Myanmar Xiang He အထည်ချုပ်စက်ရုံ၊ အမှတ် (၁၈/၆/က)၊ အင်း၀လမ်းရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Yangon Global star Co.,Ltd အထည်စက်ရုံနှင့် အမှတ် (၁၈/၂၁၂)၊ ကနောင်မင်းသားကြီးလမ်း၊ ရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ သမီးတော်စွမ်းအားအထည်ချုပ်စက်ရုံများရှိ အလုပ်သမားများအား အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကို သိရှိနားလည်ပြီး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန်ရည်ရွယ်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မရမ်းကုန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြိုင်မြိုင်သိန်းနှင့် ဦးစီးအရာရှိ (အလုပ်ရုံစစ်ဆေးရေး)ဦး ချိုမင်းသွင်တို့မှ ဦးစီးဌာနက စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလုပ်သမား (၁၀၀) ဦးအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)