အမရပူရ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအဝင် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ကျေးရွာအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်သာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးဝင်းသန်း၊ ရှမ်းကလေးကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် (၅၁)အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဘများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရှမ်းကလေးကျွန်းရွာသူ၊ ကျေးရွာသား(၂၀၀)ဦးခန့် တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ယခုဖွင့်လှစ်ခဲ့သည့် ကျေးရွာအဝင်ကွန် ကရစ်လမ်းမကြီးသည် အရှည် ၂၀၀ ပေ၊ အကျယ် ၂၇ ပေ၊ အမြင့် ၉ လက္မ ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ထည့်ဝင်ငွေ ၁၃၅၆၀၀၀၀ ကျပ်ကုန်ကျခံပြီးခင်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)