ရမည်းသင်း ဇူလိုင် ၂၁
ရမည်းသင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့် ယဉ်ကျေးမှုနှင့် လူငယ်နှင့် vape အန္တရာယ် အစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြ သည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိမ့်သိမ့်မျိုး(ခရိုင်ပြန်/ဆက်)