ရမည်းသင်း ဇူလိုင် ၂၁
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးစိုးနိုင်ဦးက လူငယ်နှင့်လျှပ်စစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာထွန်းက "သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ထို့နောက် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်ပြသခဲ့ပြီး လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ခရိုင်ပြန်/ဆက်)