စစ်ကိုင်းမြို့ရှိ စျေးဆိုင်များတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း ဇန်နဝါရီ ၂၄

စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မစျေးအတွင်း စျေးဆိုင်များတွင်  သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်မြတ်မူနှင့် တာဝန်ရှိသူများက စျေးဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်သားများပါရှိမှု ရှိ၊ မရှိ၊ သက်တမ်းလွန်ခြင်း ရှိ၊ မရှိ၊ ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ ၊ ဆေးဆိုင်များတွင် ဆေးများ ပြတ်လပ်မှု ရှိ၊ မရှိတို့ကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)