ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြလုပ်

တောင်ကြီး ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီကရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မင်းသီဟနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၆) ဦးအား စစ်ဆေးရေပြပြုလုပ်ခဲ့ပြီးနောက်စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်းဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်း ကျင်းမှုအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပြီးနောက် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းဆင်းသင်တန်းသားများက စစ်ကြောင်းပုံစံဖြင့်ချီတက်အလေးပြုခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ တာဝန်ရှိသူများက စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)