၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်လာစေရန်နှင့် ဒေသအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်(၂၀)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်လာစေရန်နှင့်ဒေသအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၅-ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌဖလား လူငယ်အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၂၀)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုခရိုင်ပြည် သူ့အားကစားကွင်း၌ ကျင်းပသည်။

မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှဗိုလ်ချုပ်သိန်းထွန်းဦး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။

လယ်ဝေးမြို့နယ် ရွှေပြည်ဝင်စာကြည့်တိုက်နှင့် ရွှေကျင်အေးစာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာ၊ ရွှေပြည်ဝင်စာကြည့်တိုက်နှင့် ရွှေကျင်ကျေးရွာ၊ ရွှေကျင်အေးစာကြည့်တိုက်များဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ ပြုလုပ်

မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့ အ.ထ.က(၂)နှင့် အ.ထ.က(၅)တွင် ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများ သင်တန်းသား/သင်တန်းသူ (၁၂၀)ဦး တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ၊  မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့်  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲဆုပေးပွဲ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး နေပြည်တော် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်‌ရေးအတွက်  ကျေးရွာအဝင်လမ်းတွင် ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်သည်။  

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နေ့လယ် (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ပခုက္ကူတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က တက္ကသိုလ်ရှိ၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။
Subscribe to