မော်လိုက် ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းက အဖွင့်အမှာစကားပြောကြားရာတွင် "မော်လိုက်ခရိုင် မော်လိုက်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များ အိုးမကွာအိမ်မကွာဖြင့် အလုပ်အကိုင်ရရှိပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ လူငယ်များအနေဖြင့် ဌာနမှသင်ကြားပေးသော အတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားရေးအား တစ်ဖက်တစ်လှမ်းမှ ဆောင်ရွက်လာနိုင်စရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို (၂၁-၇-၂၀၂၅)ရက်နေ့မှ (၁၉-၈-၂၀၂၅)ရက်နေ့အထိ တစ်လအကြာ သင်တတန်းသူ (၂၀)ဦးတို့ကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ကိုထက်(ပြန်/ဆက်)