မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆက်လက်ပို့ချ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ယနေ့ (၈) ကြိမ်မြောက်သင်တန်းကို ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၆) ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား မဟာအတုလဝေယံဘုံမ်မြင့်အတွင်း၌ သင်တန်းဆက်လက် ပို့ချပေးလျက်ရှိသည်။