တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ ပြုလုပ်

တောင်ကြီး ဇူလိုင် ၂၂

မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့ အ.ထ.က(၂)နှင့် အ.ထ.က(၅)တွင် ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများ သင်တန်းသား/သင်တန်းသူ (၁၂၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ အီလက်ထရောနစ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်မဲ‌ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ ဆန္ဒမဲပေးစဉ်တွင် အရန်စက်လဲလှယ်သည့် အခြေအနေမျိုးအတွက် လမ်းညွှန်၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးချက်ဖော်ပြသည့်စက်တွင်ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများကို ရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အမေးအဖြေများ၊ မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းစဉ်အကျဉ်းချုပ်စသည့် လုပ်ငန်းစဉ်များအား ပို့ချသွားမည်ဖြစ်သည်။

သင်တန်းကာလမှာ (၁)ကြိမ်လျှင် (၂)ရက်နှုန်းဖြင့် (၂၁.၇.၂၀၂၅) ရက်နေ့မှ (၂၆.၈.၂၀၂၅) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအား နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ခန်းစာများပို့ချသွားမည်ဖြစ်ပါကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)