ရွှေဘိုမြို့၌ ကျောင်သား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကအခြေခံပညာကျောင်းများဖြစ်သည့် မင်းရပ်(မ)နှင့်ဆင်ရုံကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။