မိုင်းယောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား  မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံပေါ်ရေကျော်ခြင်း ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်၌ ဇူလိုင် ၂၃ ရက် နံနက်(၆)နာရီအချိန်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံပေါ်ရေကျော်ခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမတီတာအထက် ရောက်ရှိလာပြီးဖြစ်သည့်အတွက် မြေနိမ့်ပိုင်းနေရာများတွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။

ဘားအံမြို့နယ်၌ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ရောက်ရှိပြီး ဖြစ်သည့်အတွက် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ် ပညာ့အလင်းစာကြည့်တိုက်နှင့် ပညာပန်းခင်းစာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာပညာ့အလင်းစာကြည့်တိုက်နှင့် ပေါက်မြိုင်ကျေးရွာ၊ ပညာပန်းခင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ဖွင့်လှစ်သည်။

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့်လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ မသာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၁၀)မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ U Energy သဘာဝဓာတ်ငွေ့စက်ရုံတွင် ကျင်းပသည်။

ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မ​ကွေးတိုင်းဒေသကြီး၊​  ချောက်ခရိုင်၊​ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရသစ်ကျေးရွာအုပ်စုရှိ ရသစ်၊ မကျီးစောက်(ရှေ့)(နောက်)၊ အလယ်ရွာ၊ ပုဂံစုရွာသစ်ကျေးရွာများမှတောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ရှစ်မျက်နာဘုရားဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to