ညောင်လေးပင် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်၌ ဇူလိုင် ၂၃ ရက် နံနက်(၆)နာရီအချိန်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံပေါ်ရေကျော်ခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်၊ ဦးသောင်းထွန်း ငါးကန်အနီးရှိ ယမန်နှစ်ဆည်မြောင်းတာကျိုးထားသည့်နေရာမှ ရေစတင်ကျော်လာပြီး တာကျိုးထားသည့်နေရာသည် မြို့ပြင်ဘက်ဖြစ်ပြီး လူနေအိမ်များနှင့်ဝေးကွာ၍ စိုးရိမ်စရာမရှိသေးကြောင်း၊ လူနေအိမ်များဘက်သို့ ရေများဝင်ရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ရေများပြန်လည်ကျသွားပါက သဲအိတ်များ ထပ်မံဖို့သွားမည်ဖြစ်ကြောင်း ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)