သန်လျင်၌ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်တောင်ပိုင်ခရိုင်၊ သန်လျင်မြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သုံးထပ်ကွမ်း လူရည်ချွန်ဂုဏ်ပြုပွဲနှင့် ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စိန်ဇေးဗီးယားခန်းမဆောင်ကြီး၌ ကျင်းပသည်။