ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဟောပြောအသိပညာပေး
မန္တလေး ဇန်နဝါရီ ၉
မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့မှ ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ယနေ့နံနက် (၉) နာရီက အမှတ် (၂၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။