ကျုံပျော်မြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်အတွက် ကြိုတင် ပြင်ဆင်လျက်ရှိ

ကျုံပျော် ဇန်နဝါရီ  ၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျုံပျော်မြို့နယ်စီမံခန့်ခွဲ​မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့်စာအုပ်စျေး ရောင်ပွဲတော်ကို ဇန်နဝါရီ  ၁၀ နှင် ၁၁ ရက်နေ့တို့တွင် အထက ၁ ၌ကျင်းပဖြစ်ရာပြင်ဆင်မှုများ အားလုံးပြီးစီးနေပြီး ဖြစ်ကြောင်းသိရသည်။

ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေး၊ ကလေးများဗဟုသုတရရှိစေရန် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်တပ်ဖွဲပြခန်း၊ စိုက်ပျိုးရေးဦးဌာန ပြခန်း၊ ကလေးစာဖတ်ခန်း၊ ကျန်းမာရေးပြခန်း၊ စိုက်ပျိုးရေးပြခန်း၊ စာပေချစ်သူများပြခန်း(Book Club )

ကျေးလက်ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် အသင်းပြခန်း၊ အမေမတ္တာအမျိုးသမီးပရဟိတလူမှု ကူညီရေးအဖွဲ့ပြခန်း၊ စစ်တုရင်ပြိုင်ပွဲနှင့်ပြခန်း၊ ကရင်တိုင်းရင်တိုင်းရင်းသားရိုးရာပြခန်း၊ ပညာရေးပြခန်းတို့ ပြသပေးမည်  ဖြစ်သည်။

၎င်းအပြင်ကလေးများ ဉာဏ်ရည်တိုးတက်ရေး၊ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ စုပေါင်းအလုပ်များတွင်ဝိုင်းဝန်းပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိရေးကို အထောက်အကူဖြစ်စေရန်  အရုပ်ဆက်ကစားနည်း၊ စကားပုံဆက်ကစားနည်း၊ ပူပေါင်းဖောက်ကစားနည်း၊ ခါးကွင်းလှည့် ကစားနည်း၊ ခုံဖိနပ်စီးကစားနည်း၊ ခွက်နင်းကစားနည်း၊ သံပုံးရိုက်ကစားနည်း၊ Team Building များကို လည်းစီစဉ်ထားကြောင်းသိရသည်။

 

မောင်မောင်မြင့် ၊ နေဝင်းမြင့် ( iprd )