ကလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ
ကလော ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှိ တေဇခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။