မူဆယ်မြို့ခရိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
မူဆယ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့များအား မိမိတာဝန်ထမ်းဆောင်သည့် ဒေသများတွင် တာဝန်ထမ်းဆောင်ရာ၌ ယာဉ်အန္တရာယ် မတော်တဆထိခိုက်မှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဇန်နဝါရီလ(၉)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ ဒုတိယရဲမှူးချစ်စိန်က မူဆယ်မြို့ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အောင်ဆန်းသူရိယရိပ်သာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောသည်။