ကမာရွတ်မြို့နယ်ရှိစျေးများ စျေးပိတ်ချိန်မီး ဘေးလုံခြုံမှုရှိစေရေးစစ်ဆေး

 ရန်ကုန် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ညနေ (၆) နာရီခွဲ အချိန်က အမှတ် (၁၀) ရပ်ကွက်၊ ချင်းတွင်းလမ်းနှင့် အင်းယားလမ်းထောင့်ရှိ သံလွင်စျေးနှင့် အမှတ် (၃) ရပ်ကွက်၊ လှည်းတန်းလမ်းရှိ လှည်းတန်းစျေးတို့အား မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာစျေးတာဝန်ခံများ၊ စျေးလုံခြုံရေးများနှင့် ပူးပေါင်း၍ စျေးပိတ်ချိန်များတွင် စျေးဆိုင်ခန်းမီးများမှလည်းကောင်း၊ မီးဖို မီးကြွင်းမီးကျန်များမှလည်းကောင်း မီးလောင်မှုမဖြစ်ပွါးစေရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)