ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၂၀

ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့်နေရာအား ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့် မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှေ့ ဆွမ်ပရာ ဘွမ်လမ်းမပေါ်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရန် လျာထားသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အမှုဆောင်အရာရှိ၊ အရာထမ်း/ အမှုထမ်းများက ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ လမ်းလျှောက်သင်္ကြန် ကျင်းပသွား မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်အား အဓိကထား ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွမ်ပရာဘွမ်လမ်းမကြီး မီးရထားသံလမ်းကူးနေရာမှ ကျောက်စိမ်းတုံးမီးပွိုင့်ကြားတွင် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး၊ လမ်းလျှောက်သင်္ကြန်နှင့်အတူ နံ့သာမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ တည်‌ဆောက်သွားမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ ယိမ်းအကအဖွဲ့များ ယှဉ်ပြိုင် မှု၊ ရေကစားမဏ္ဍပ်ငယ်များ ပြုလုပ်၍ ရိုးရာအစဉ်အလာနှင့်အညီ ပြည်သူများ လုံခြုံအေးချမ်းစွာ ပါဝင် ဆင်နွဲနိုင်ရေးအတွက် အဓိကထား စီမံဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ပြည်နယ်(ပြန်/ဆက်)