ဒဂုံမြောက် မတ် ၂၀
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်ကျွမ်းမှုများ မဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အမှတ် (၅၀) ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် (၅၀) ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို မတ် ၁၈ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းတွင်ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မတ်လ ၁၈ ရက်နေ့ညနေပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) အမှတ် (၅၀) ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် (၅၀) ဈေးရှိ ဈေးတာဝန်ခံ ဦးကျော်ထင်လင်းနှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ