ရန်ကုန်မြို့တော်စည်ပင်သို့ အမှိုက်သိမ်းယာဉ် လှူဒါန်း
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ Best battery trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ အမှိုက်သိမ်းယာဉ်၊ ယာဉ် နှင့်သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က အင်းစိန်မြို့နယ်ခန်းမရှေ့၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးသူရအောင်နှင့် လက်ထောက်ဌာနမှူး ဦးသန်းဌေးတို့က တက်ရောက်လက်ခံယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။