မအူပင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မအူပင် ဇန်နဝါရီ ၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ မအူပင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းမှစ၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

စေတုတ္တရာ    ဇန်နဝါရီ     ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲများ ပြုလုပ်နိုင်ရန် ဌာနဆိုင်ရာများနှင့် လူငယ်ရေးရာအဖွဲ့များပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင်  လူငယ်ရေးရာကော်မတီဝင် ဆလိုင်းဖြိုးမင်းဟိန်းက  လူငယ်ရေးရာ မိတ်ဆက်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် (၈)မြို့နယ် သုဓမ္မာနိကာယဝိနည်းစာ ပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ကွမ်းခြံကုန်း  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသော သုဓမ္မာနိကာယ ဝိနည်းစာပြန်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ၈နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင်များက လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့  ဇန်နဝါရီ   ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျောက်စု ကျေးရွာ၊ နမ်ပိန်းလင်ကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့၌ ကျင်းပခဲ့သည်။

မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မင်းဘူး          ဇန်နဝါရီ        ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆု ၅၅၆ ဆု ချီးမြှင့်

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ က (၂) ကျောင်း စပယ်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်နှင့် ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ သည်။

ဝေါလေမြိုင်မြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဝေါလေမြိုင်  ဇန်နဝါရီ  ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ ညနေ ၆ နာရီက အ.မ.က(ဝေါလေမြိုင်)၌ ကျင်းပသည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။  ပညာရေးစုံညီပွဲတော်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အဖွင့်အမှာစကား ပြောကြားပြီး အ.မ.က(ဝေါလေမြိုင်)ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အောင်မြေသာစံမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မန္တလေး  ဇန်နဝါရီ  ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အောင်မြေသာစံမြို့နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်၈နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် မန္တလေးခရိုင် ပညာရေးမှူး ဦးခင်မောင်မြင့်တို့က အမှာစကား ပြောကြားကြသည်။

ဂန့်ဂေါတွင် ကုလားပဲကို ပိုမိုစိုက်ပျိုးလာ

ဂန့်ဂေါ  ဇန်နဝါရီ  ၈

ဂန့်ဂေါမြို့နယ်အတွင်း ကုလားပဲကို ယခင်နှစ်များက ဧက ၅၀၀ မှ ၇၀၀ ခန့်အတွင်းသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ဆောင်းရာသီတွင် ၂၆၄၅ ဧက စိုက်ပျိုးထားရာ ဧက ၂၀၀၀ ခန့် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

"အရင်က မိုးစပါးအပြီး လယ်မှာ တခြားသီးနှံတွေ စိုက်ခဲ့ပါတယ်၊ အခု ကုလားပဲကို စမ်းသပ်စိုက်ကြည့်တော့ ကုလားပဲဖြစ်တာ တွေ့ရပါတယ်၊ ကျွန်တော့်စိုက်ကွင်းကတော့ သီးကြိုစိုက်တာပါ" ဟု လာပို့ကျေးရွာမှ ကုလားပဲစိုက် တောင်သူတစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီ ခန်းမတွင် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Subscribe to