ကျေးသီးမြို့၌ မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပ
ကျေးသီး ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ကျေးသီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အဆောက်အဦခန်းမ၌ ယနေ့နံနက် (၈)နာရီက ကျင်းပသည်။
ရှေးဦးစွာ ကျေးသီး အ.ထ.က မှ Grade-6 ကျောင်းသားကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းနှင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်တို့က အမှာစကား ပြောကြားကြသည်။