ဝေါမြို့နယ်တွင် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ်နိုင်ရေး ရဲတပ်ဖွဲ့ဝင်များ ကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ)ဖွင့်လှစ်နိုင်ရေး ရဲတပ်ဖွဲ့ဝင်များကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၂ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်ကပြုလုပ်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၊ အောင်မင်္ဂလာကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းရှိ ရဟန်း သံဃာတော် များအား ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အောင်မင်္ဂလာ ကျောင်းတိုက်နှင့် ထေရဝါဒ သာသနာပြုကျောင်းရှိ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်ကက ဆက်ကပ်လှူဒါန်းသည်။

အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့်

အိမ်မဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ရန်ကင်းမြို့နယ်အမှတ်(၁)ရပ်ကွက် နှင့် (၁၃)ရပ်ကွက်အတွင်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင်ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်အလိုက်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ပြည်သူများ အား သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီ၌ အနော်မာရပ်ကွက်၌ ဆောင်ရွက်ခဲ့ သည်။

မင်းတုန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သရက်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့ မြို့မ​စျေးအတွင်း ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှု မရှိ​စေ​ရေး mask ၁၅၀၀ အခမဲ့ဖြန့်​ဝေ

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေမှုကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးအတွင်း ယနေ့နံနက် ၈ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြသည်။

လယ်ဝေးမြို့နယ် မြွေရိုးလေးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေ(၂၉၄)သိန်း ထုတ်ချေး

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေ(၂၉၄)သိန်း ကို ယမန်နေ့မွန်းလွဲ(၁)နာရီက လယ်ဝေး မြို့နယ် မြွေရိုးလေးကျေးရွာဘက်စုံသုံးခန်းမ၌ ပေး အပ်ခဲ့သည်။

မိုးမိတ်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများအား စိစစ်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မိုးမိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံရန် တင်သွင်းလာသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း လွှာများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စိစစ်ခြင်းများ ဆောင်ရွက် ခဲ့သည်။
Subscribe to