ကြည့်မြင်တိုင်မြို့နယ် စာစစ်ဌာန(၂)ခုမှ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှုရာခိုင်နှုန်း (၃၀.၈%)ဖြင့် အောင်မြင်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်နေ့ည ၁၂ နာရီ ၃၀ မိနစ်အချိန်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ကြေညာပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း မှစ၍ လူကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။