ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်(၁၃)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီး ပံ့ပိုးချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
မင်းတပ် ဇန်နဝါရီ ၉
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့အနေဖြင့် မြို့နယ်အခြေခံ သမဝါယမအသင်းစုများသို့ (၁၃) ကြိမ်မြောက် China EXIM Bank ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။