လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ချင်းရွှေပြည် အားကစားခန်းမတွင် ကျင်းပသည်။

လိုင်လင်းပီ-ရေဇွာလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရေးအခက်အခဲဖြစ်နေ

လိုင်လင်းပီ ဇန်နဝါရီလ ၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့အကြား စပေါ်ကျေးရွာအနီး၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြေပြိုမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမြေပြိုသည့်နေရာအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးကြက်သွန်နီ အပင်စိုက်တောင်သူများ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးဆောင်ရွက်

ဆိပ်ဖြူ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းဘေး ကြက်သွန်နီ စိုက်ခင်းများအတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် ချောင်းရေဝင်ရောက်မှုကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ချောင်းမကြီးကျေးရွာရှိ ကြက်သွန်နီစိုက် တောင်သူများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒေါတမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာခန်းမဆောင်၌ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉) ဆင်းပွဲ ကျင်းပခဲ့သည်။

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး) တွင် တတိယအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

ကလေး ဇန်နဝါရီ ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး)၏ အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူများ၏ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

သာစည်မြို့ အ.ထ.က(၂)၌ ပညာရေးစုံညီပွဲတော် နှင့် ကာယ၊ ဉာဏထူးချွန်ဆု ၁၁၃ ဆုချီးမြှင့်

သာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း သူရိယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဖားကန့်မြို့နယ် ကျေးရွာအချို့တွင် အချိန်အခါမဟုတ် မိုးရွာစဉ်အတွင်း မိုးသီးကြွေကျမှုဖြစ်ပွား

ဖားကန့် ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယမန်နေ့နံနက် (၁) နာရီခန့်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ကျေးရွာအချို့တွင် (၁၀) မိနစ်ခန့် မိုးသည်းထန်စွာ ရွာသွန်းစဉ်အတွင်း မကျည်းစေ့အရွယ်ခန့် မိုးသီးများ ကြွေကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်ပြီး မိုးသီးများ ကြွေကျခဲ့သော်လည်း ကြီးမားပြင်းထန်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ပလပ်စတစ်ကော်ပြားအကြည်အချို့နှင့် မိုးကာတဲအချို့သာ ပျက်စီးခဲ့ခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း  ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပညာရေးစုံညီပွဲတော် တွံတေး၌ ကျင်းပ

တွံတေး ဇန်နဝါရီ ၇

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၉/၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက အမှတ်‌ (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

ကော့မှူး ဇန်နဝါရီ ၇

လူငယ်၊ လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်နှင့် နည်းပညာဆိုင်ရာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်သည်။

Subscribe to