မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မင်းလှ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ယမန်နေ့ နံနက် ၆ နာရီချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ (၅၃၇)ဦးတွင် (၁၅၂) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မင်းလှ) စာစစ်ဌာန၊ အ.ထ.က(စစ်ကွင်း) စာစစ်ဌာနဟူ၍ စာစစ်ဌာန(၂)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၅၃၇)ဦးတွင် အောင်ချက်ရာခိုင် နှုန်း ၂၈ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် စုစုပေါင်း(၁၅၂) ဦးအောင်မြင်ခဲ့ပြီး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။

ပေါက်စ (မင်းလှ)