ဝမ်းတွင်းမြိုနယ်၌  ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ဝမ်းတွင်း ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း (သဲတော-ဝမ်းတွင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများအား ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း(၃၅၀)ဦး၊  တက်ရောက်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)